ကျွန်းစု မေ ၃ 

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ကျွန်းစုမြို့နယ်ရှိ ဌာနဆိုင်ရာများသည် မေ ၂ ရက် မွန်းလွဲ ၂ နာရီခွဲက ကျွန်းစုမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်စန်းဝင်းက မြို့နယ်အတွင်းရှိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဦးမြတ်ကိုက မြို့ပြနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ ကျွန်းစုမြို့နယ်အတွက် လိုအပ်ချက်များကို ဆောင်ရွက်ပေးရန်ရှိကြောင်း၊ ကာကွယ်ဆေးထိုးနှံမှုနှင့် ပန်းခင်းစီမံချက် ဆောင်ရွက်နေမှုသည် ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆန်စပါးစိုက်ပျိုးမှု၊ ဆီအုန်းစိုက်ပျိုးမှု၊ ဂျင်းခရုမွေးမြူရေးနှင့် ပတ်သက်၍ လည်းကောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ဆောင်ရွက်ခွင့်ပြုထားသည့် လုပ်ငန်းများနှင့် ပညာသင်ယူအချိန်တွင် ကလေးငယ်များ ကျောင်းတက် ပညာသင်ယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးစား တိုက်တွန်းပေးကြရန်တို့ကို ပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသူများ၏ တင်ပြချက်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စည်သူရအောင်(ကျွန်းစု)