မေ ၃

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၅၆၈ ဦး ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူပေါင်း ၄၃၀၈၄၉၁၃ ဦးအထိ မြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါရောဂါထပ်မံကူးစက်ခံရသူများအနက် ၄၂ ရာခိုင်နှုန်းနီးပါးကို ဒေလီမြို့တွင် တွေ့ရှိခဲ့ပြီး လတ်တလောတွင် ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၅၇၄၄ ဦး ရှိသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် လူ ၂၀ ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၅၂၃၈၈၉ ဦးအထိ ရှိလာသည်။

 

နိုင်ငံအတွင်း ကိုဗစ်ရောဂါဖြစ်ပွားဆဲလူနာ ၁၉၁၃၇ ဦး ရှိသည်။ ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ကိုဗစ်ရောဂါကူးစက်မှုအရေအတွက်ကျဆင်းလာခြင်းသည် ပထမဦးဆုံးအကြိမ် ဖြစ်သည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ယနေ့အထိ ဆေးရုံအသီးသီးမှဆင်းသွားသူပေါင်း ၄၂၅၄၁၈၈၇ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို