အူလန်ဘာတာ    မေ     ၃

မွန်ဂိုလီးယားနိုင်ငံ၌     ယခုနှစ်အတွင်း လက်ရှိအချိန်အထိ   တောမီးလောင်မှုများကြောင့်  နိုင်ငံတစ်ဝန်းရှိ သစ်တောနှင့်  စိုက်ပျိုးမြေ ၈၈၉၉၉၃  ဟက်တာပျက်စီးခဲ့ကြောင်း    နိုင်ငံ၏ အမျိုးသား အရေးပေါ် စီမံခန့်ခွဲမှုအေဂျင်စီက မေ ၃ ရက်တွင် ပြောကြားသည်။

ယင်းသို့ တောမီးလောင်ကျွမ်းမှုကြောင့် ပျက်စီး ခဲ့သည့်ပမာဏသည်  ပြီးခဲ့သည့်နှစ်  အလားတူကာလကထက်   ၃၁  ဒသမ  ၄ ရာခိုင်နှုန်း  ပိုမိုမြင့်တက်မှုရှိခဲ့ကြောင်းနှင့်       တောမီးလောင်မှုကြောင့် ပျက်စီးခဲ့သည့်  သစ်တောနှင့်  စိုက်ပျိုးမြေပမာဏတိုးလာရခြင်းမှာ ခြောက်သွေ့သောရာသီဥတု အခြေ အနေနှင့် လူများ၏ ပေါ့ဆမှုတို့ကြောင့် ဖြစ်ကြောင်း မွန်ဂိုလီးယား    အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီက ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၏ မီးသတ်သမားများသည် မေ ၂ ရက် မွန်းလွဲပိုင်းက    ဘူလ်ဂန်ပြည်နယ်၌ဖြစ်ပွားခဲ့သော     တောမီးလောင်မှုကို ငြှိမ်းသတ်ရန် မေ ၃ ရက်အထိ   ကြိုးစားဆောင်ရွက်နေရဆဲ ဖြစ်ကြောင်းလည်း မွန်ဂိုလီးယားအမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက    ဆက်လက်ပြောကြား သည်။

မွန်ဂိုလီးယားပြည်သူများအနေဖြင့် လက်ရှိ ဖြစ်ပေါ်လျက်ရှိသည့်  ခြောက်သွေ့သည့်ရာသီဥတုအခြေအနေတွင် တောမီးရှို့ခြင်းနှင့် သောက်သုံးပြီး စီးကရက်များ   စွန့်ပစ်ခြင်းများ    မပြုလုပ်ရန် မွန်ဂိုလီးယား   အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှု အေဂျင်စီက သတိပေးထားသည်။

မွန်ဂိုလီးယားနိုင်ငံ၏ ရာသီဥတုအခြေအနေ သည် နွေဦးရာသီတွင်  ခြောက်သွေ့ကာ  လေထန် တတ်ကြောင်း သိရသည်။

 ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်