ဆစ်ဒနီ မေ ၃
ဩစတြေးလျနိုင်ငံ ဒေသအသီးသီးမှ ရှားပါးမျိုးစိတ်ဝင်အပင်များနှင့် တိရစ္ဆာန် များနှင့်ပတ်သက်သည့် သတင်းအချက် အလက်များကို ပြည့်စုံစွာရှာဖွေနိုင်မည့်အက်ပလီကေးရှင်းတစ်ခုကို ဩစတြေး လျနိုင်ငံ ကွင်းစလန်းတက္ကသိုလ်ကတီထွင်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း ရှားပါးမျိုးစိတ်ဝင် အပင်များ၊ တိရစ္ဆာန်များနှင့်ပတ်သက် သည့် အချက်အလက်များပြည့်စုံစွာ ရှိနေ သော်လည်း နိုင်ငံသားများအား အဆိုပါ အချက်အလက်များ ဖြန့်ဖြူးပေးရန် မလွယ်ကူကြောင်း အဆိုပါတက္ကသိုလ်မှ သုတေသီဂါရက်ကင်လာက ပြောကြား သည်။
နိုင်ငံသားများအနေဖြင့် မိမိတို့ဒေသ ၏ စာပို့သင်္ကေတအား အဆိုပါ အက်ပလီ ကေးရှင်းတွင် ရိုက်နှိပ်ထည့်သွင်းလိုက်ပါ က ရှားပါးမျိုးစိတ်ဝင်အပင်များနှင့် တိရစ္ဆာန်များဆိုင်ရာ အချက်အလက်များ ကို ပြည့်စုံစွာသိရှိနိုင်မည်ဖြစ်သည်။
ထို့ပြင်၎င်းအပင်များနှင့် တိရစ္ဆာန် များ မျိုးတုံးပျောက်ကွယ်မည့်အရေးနှင့် ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုဆိုင်ရာ အကြောင်းအရာများကိုလည်း သိရှိရ မည်ဖြစ်သည်။ လက်ရှိတွင် နိုင်ငံအတွင်း ရှိ အပင်နှင့်တိရစ္ဆာန်မျိုးစိတ် ၁၇၀၀ မှာ မျိုးတုံးပျောက်ကွယ်နိုင်သည့် အခြေအနေ နှင့် ရင်ဆိုင်နေရသည်။ ၎င်းအပင်များနှင့်တိရစ္ဆာန်များအား ထိမ်းသိမ်းစောင့်ရှောက် မှုမပြုလုပ်ပါက နှစ် ၃၀ မှ ၅၀ အတွင်းမျိုးတုံး ပျောက်ကွယ်သွားနိုင်ကြောင်း ပါမောက္ခဂျိန်းစ်ဝက်ဆင်က ပြောကြားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - စိုးသူရ