ဒီအက်ပလီကေးရှင်းကတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတွေကို ဖော်ပြတဲ့ အက်ပလီကေးရှင်းဖြစ်ပြီး အဓိကအနေနဲ့ ယာဉ်မောင်းလိုင်စင် ဖြေမယ့်သူတွေအတွက် ကညနရဲ့ မေးခွန်းတွေကို ကိုယ်တိုင်စမ်းသပ်ဖြေဆိုနိုင်တဲ့ အက်ပလီကေးရှင်းဖြစ်ပါတယ်။ မြန်မာအက်ပလီကေးရှင်းတွေထဲမှာ ဒေါင်းလုပ်အရေအတွက် တစ်သိန်းကျော်ရထားတဲ့ ရှားပါးအက်ပလီကေးရှင်းတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအက်ပလီကေးရှင်းမှာ ယာဉ်မမောင်းမီနဲ့ ယာဉ်မောင်းစဉ် သတိပြုရမယ့်အချက်တွေ၊ ယာဉ်ရဲ့ ဂီယာ၊ ဘရိတ် စတဲ့ အစိတ်အပိုင်းတွေနဲ့ဆိုင်တဲ့ အချက်တွေ၊ လမ်းစည်းကမ်းဆိုင်ရာတွေ စသဖြင့် ခေါင်းစဉ်ပေါင်း ၃၀ နဲ့အတူ ခေါင်းစဉ်တွေအောက်မှာ အနည်းဆုံး မေးခွန်းတစ်ခုကနေ အများဆုံး မေးခွန်း ၂၆ ခုအထိကို လေ့လာနိုင်ပါတယ်။ လေ့လာပြီးရင်တော့ လိုင်စင်သလို စမ်းသပ်ဖြေဆိုနိုင်ပြီး လွယ်ကူတဲ့ Level 1 ကနေ ခက်ခဲတဲ့ Level 5 အထိ ငါးခုထဲက ရွေးချယ်ဖြေဆိုနိုင်ပါတယ်။

အက်ပလီကေးရှင်းကို ပလေးစတိုးမှာ Safe Driving Thein လို့ ရိုက်ရှာနိုင်ပြီး တစ်ကြိမ်ဒေါင်းလုပ်ဆွဲပြီးတာနဲ့ အော့ဖ်လိုင်းသုံးနိုင်ပါတယ်။ ဖိုင်အရွယ်အစားကလည်း 9MB လောက်ပဲရှိပြီး အန်းဒရွိုက် ဗားရှင်း 4.1 နဲ့အထက် ဖုန်းအားလုံးမှာ သုံးနိုင်ပါတယ်။

ကျော်ဇင်ဦး