ရသေ့တောင်     မေ    

 

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်၊ မေယုရတနာ ဘုန်းတော်ကြီး ကျောင်းဝင်းရှိ တိုက်ပွဲရှောင်စခန်း၌ မေ ၄ ရက် နံနက်ပိုင်းက စပါးကြီးမြွေ တစ်ကောင်အား တွေ့ရှိခဲ့ပြီး ရသေ့တောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဇော်အောင်နှင့်အဖွဲ့၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၊ ရပ်မိရပ်ဖများ၊ တိုက်ပွဲရှောင်စခန်းမှ တာဝန်ရှိသူများက ကန်တော်ကြီး ပတ်ဝန်းကျင် ဘေးလွတ်သည့်နေရာသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စပါးကြီးမြွေမှာ အလျား ခြောက်ပေခန့်နှင့် လုံးပတ် ၁၀ လက်မခန့် ရှိကြောင်း သိရသည်။

 

ထွန်းလင်းကျော်(ပြန်/ဆက်)