ရေနံချောင်း မေ ၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် သစ်ပင်မျိုးစုံ ပျိုးပင်ပေါင်း ၄၄၀၀၀ ကျော် လျာထားပြီး အဆိုပါ ပျိုးပင်များကို  ဖန်ခါးစမ်း (အမြဲတမ်း) ပျိုးဥယျာဉ်နှင့် ပင်းချောင်း (ယာယီ) ပျိုးဥယျာဉ်တို့တွင် ပျိုးထောင် ထားရှိကြောင်း သိရသည်။

ရေနံချောင်းမြို့နယ် အထူးစိမ်းလန်းစိုပြည်ရေးဇုန် စီမံကိန်း (Greening Complex Zone Project) တတိယနှစ်တွင် သက်တမ်းရင့် အထူးစိမ်း ပျိုးပင်ပေါင်း ၁၅၅၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး ရေဝေရေလဲ စိုက်ခင်း ဧက ၅၀ တွင် ပျိုးပင်ပေါင်း ၂၀၁၅၀၊ တစ်အုပ်တစ်မစိုက်ခင်းတွင် အပင် ၄၀၀၀၊ ကွန်တိုပေါင် စိုက်ခင်းတွင် အပင် ၄၀၀၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဘက်စုံသုံး စိုက်ခင်းတွင် အပင် ၁၂၀၀၊ ပြည်သူလူထုဖြန့် သစ်မာပင် ၂၇၄၀ နှင့် ကျွန်းပင် ၄၁၁ ပင် စုစုပေါင်း သစ်ပင်မျိုးစုံ ပျိုးပင်ပေါင်း ၄၄၄၀၁ ကို စိုက်ပျိုးရန် လျာထားကြောင်းနှင့် စိုက်ပျိုးမည့် ပျိုးပင်များမှာ တမာ၊ ရှား၊ ပဲချယ်ရီ၊ ဖျောက်ဆိတ်၊ မဲဇလီ၊ ဒဟတ် ၊ ကုက္ကိုလ်၊ ယူကလစ်၊ သစ်မာ၊ ကျွန်း စသည်တို့ဖြစ်ကြောင်း မြို့နယ်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)