မြစ်ကြီးနား မေ ၄

 

စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် သမိုင်းဝင်ပြည့်စုံကောင်းမွန်သည့် နှစ်ပတ်လည်မဂ္ဂဇင်း ထုတ်ဝေနိုင်ရေးအတွက် မေ ၃ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

 

ညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က “၁၉၄၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့မှ စတင်ဖြစ်ပေါ် လာခဲ့သည့် ကချင်ပြည်နယ်နေ့သည် ၂၀၂၃ ခုနှစ်တွင် စိန်ရတုနှစ်အဖြစ် ကျရောက်သည့်အတွက် ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု၊ လယ်ယာသားငါးကဏ္ဍ၊ လူမှုစီးပွား ဖွံ့ဖြိုးလာမှုနှင့် စာပေယဉ်ကျေးမှု သမိုင်းကြောင်းများကို ပေါ်လွင်ထင်ရှားပြီး ပြည့်စုံကောင်းမွန်သည့်  မဂ္ဂဇင်းတစ်အုပ် ဖြစ်စေရေး၊ အလေးအနက်ထား ဝိုင်းဝန်းလုပ်ဆောင် သွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် စိန်ရတုပြည့်မြောက်သည့် နှစ်ဖြစ်သည့်အတွက် ပြည်နယ်၏ အထင်ကရ ပုံရိပ်များ ပါဝင်သည့် ပြက္ခဒိန်ထုတ်ဝေနိုင်ရေး၊ ဒိုင်ယာရီမှတ်တမ်း စာအုပ်ကိုပါ ထုတ်ဝေသွားနိုင်ရေး” ပြောကြားသည်။

 

ပြည်နယ်(ပြန်/ဆက်)

 

mdn