ဇေယျာသီရိ မေ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံသံဂဟေဆက် သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နေပြည်တော်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးမှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့ပြီး ဥတ္တရခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးလင်းက မိမိတို့ဌာနအနေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မိသားစု ဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ဇေယျာသီရိမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးဇော်မှ သင်တန်းသား သင်တန်းသူများအား သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းမှ သင်တန်းသား ၂၀ ဦး တက်ရောက် သင်ကြားပြီး သင်တန်းတွင် သင်တန်းနည်းပြ ဦးကျော်ကြီးမှ တည့်ဆက်နည်း၊ ၄၅ ဒီဂရီဆက်နည်း၊ ၉၀ ဒီဂရီ ဆက်နည်း၊ Over Heat ဆက်နည်း၊ ပိုက်ဖြတ်နည်း၊ ပိုက်ဟက်နည်းများကို မေ ၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)