ဇေယျာသီရိ မေ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျား/မ ရေးရာအခြေပြု အကြမ်းဖက်မှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းမြတ်မွန်က ကျောင်းသား ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနီးကျွမ်းဝင်မှုရှိပြီး ကျောင်းစာ အပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန် ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက်သို့ဖိတ်ခေါ်ပြီး ဟောပြောပွဲပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာရေးဆရာမ ဒေါ်သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)က ကျား/မရေးရာ အခြေပြု အကြမ်းဖက်မှု အသိပညာပေး ဟောပြောရာတွင် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ စီးပွားရေးဆိုင်ရာ အကြမ်းဖက်မှု၊ အန္တရာယ်ရှိသော ဓလေ့ထုံးစံများဖြင့် အကြမ်းဖက်ခြင်း ခေါင်းစဉ်များဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသား ကျောင်းသူများ၏ မေးမြန်းဆွေးနွေးချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဟောပြောပွဲသို့ ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်အနီးရှိ ရွှေတွင်းကုန်းကျေးရွာ၊ သာစည်ကျေးရွာနှင့် ဗောဓိမြိုင်ကျေးရွာမှ ကျောင်းသား ကျောင်းသူ (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)