ကျောက်ဆည် မေ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနမှ ဒေသtတွင်း စိမ်းလန်းစိုပြေရေးအတွက် ပျိုးပင်ပေါင်း (၅)သောင်း ပျိုးထောင်ထားရှိပြီး ရပ်ကွက်၊ ကျေးရွာများ၊ ဌာနဆိုင်ရာရုံးများနှင့် တပ်ရင်းတပ်ဖွဲ့နှင့် သာသနာ့နယ်မြေများတွင် စိုက်ပျိုးနိုင်ရန် အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ပျိုးပင်များပျိုးထောင်ထားရာမှာ “ကျွန်တော်တို့ဌာနအနေနဲ့ ဒေသအတွင်း စိမ်းလန်းစိုပြေရေးနဲ့ရာသီဥတု ကောင်းမွန် မျှတစေရန်အတွက် ပြည်သူမျာ၏နေအိမ်ခြံဝင်းများ၊ ဌာနဆိုင်ရာရုံးဝင်းများ၊ သာသနာ့နယ်မြေများတွင် စိုက်ပျိုးရန်အတွက် ကျွန်းပင်(၃၀၀၀)၊ လျှော်ဖြူပင်(၁၀၀၀)ထောင်၊ တမာပင် (၁၄၀၀၀)ထောင်၊ မယ်ဇလီပင် (၃၀၀၀)၊ မယ်ဇယ်ပင် (၇၅၀၀)၊ ရေတမာပင် (၆၀၀၀)၊ စိန်ပန်းပင်(၄၀၀၀)၊ ပင်လယ်ကဗွီပင် (၃၀၀၀)၊ ခရေပင် (၁၀၀၀)၊ ငုရွှေဝါပင် (၃၀၀၀)၊ ယူကလစ်ပင် (၃၀၀၀)၊ ကုက္ကိုပင် (၁၅၀၀)နှင့် စိန်ပန်းပင် (၄၀၀၀) စုစုပေါင်း ပျိုးပင်အမျိုးအစား (၁၂)မျိုး၊ ပျိုးပင်အရေအတွက် (၅၀၀၀၀)ပင် ပျိုးထောင်ထားပြီး အခမဲ့ ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း” မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း (၈၁၅၅၀)ပင်၊ ရေဝေရေလဲစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း(၁၅၀၀၀)ပင်၊ ကျေးရွာထင်းစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း (၆၆၅၅၀)ပင်၊ သဘာဝတောစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း(၂၄၅၀)ပင်၊ ဂေဟစနစ် ဖြည့်ဆည်းရေးစိုက်ခင်းများအတွက် ပျိုးပင်ပေါင်း (၁၆၂၀၀)ပင်၊ သီးနှံသစ်တော ရောနှောစိုက်ခင်းအတွက် ပျိုးပင်ပေါင်း (၈၀၀၀)ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)