မော်လမြိုင် မေ ၆
ပညာရေး၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မော်လမြိုင်တက္ကသိုလ် နည်းပြ/သရုပ်ပြ အသစ်များ ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ပင်မဆောင်ခန်းမ၌ ပြုလုပ်ရာမော်လမြိုင်တက္ကသိုလ်၌ အသစ်ခန့်အပ်သော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများအား ပါမောက္ခချုပ်၊ ဒုတိယပါမေက္ခချုပ်များ၊ ပါမေက္ခများ၊ ဌာနမှူးများက မိတ်ဆက်ခဲ့ပြီး မော်လမြိုင် တက္ကသိုလ် ပါမေက္ခချုပ် ဒေါက်တာအောင်မြတ်ကျော်စိန်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားကာ နည်းပြ/သရုပ်ပြ အသစ်များအား ပါမေက္ခချုပ်နှင့် ဆရာကြီး၊ ဆရာမကြီးများက ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားများ ပြောကြားခဲ့သည်။
ခင်စန်းမြင့်(ပြန်/ဆက်)