မိတ္ထီလာ     မေ      ၆

 

မိတ္ထီလာတက္ကသိုလ်၌ စတင်တာဝန်ထမ်းဆောင်မည့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမအသစ်များအား ကြိုဆိုပွဲ အခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးလွှမ်းမိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေး၊ ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများ၊ နည်းပြ သရုပ်ပြအသစ်များ တက်ရောက်ကြပြီး ပါမောက္ခချုပ် ဒေါက်တာဘဟန်က နည်းပြ သရုပ်ပြအသစ်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။ မိတ္ထီလာတက္ကသိုလ်တွင် ၂ဝ၂၂ ခုနှစ်၌ စတင်တာဝန်ထမ်းဆောင်မည့် နည်းပြ သရုပ်ပြ ဆရာ ဆရာမအသစ် စုစုပေါင်း ၂၄ ဦး ရှိကြောင်း သိရသည်။

 

ချမ်းသာ(မိတ္ထီလာ)