ထားဝယ် မေ ၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးတွင် အသစ်ခန့်အပ် ထားသော နည်းပြ/သရုပ်ပြ ဆရာ၊ ဆရာမများ ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက ထားဝယ်တက္ကသိုလ် (ပင်မဆောင်) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အမှာစကား ပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်လွင်ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။ ထားဝယ်တက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးအတွက် သစ်လွင်ဆရာ၊ ဆရာမ ၄၆ ဦးကို ခန့်ထားနိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)