ငွေဆောင် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ သဇင်ကျေးရွာအုပ်စု၊ ရေသိုးရွာ၊ ငွေဆောင် ကားလမ်း မိုင်တိုင် ၁၉ ရှိ အလှပြဆင်ဝိုင်း၌ မေ ၅ ရက် ညနေပိုင်းက ဆင်ရိုင်းနင်းခြင်းကြောင့် လူတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဆင်စခန်းဝန်ထမ်း ဆင်ဦးစီးဦးဖား၏ သား မောင်ဂျိမ်း အသက် ၉ နှစ်သည် ဆင်ဝိုင်းအတွင်း ဆင်များရေချိုးပေးပြီး ချောင်းတွင်ရေခပ်ရာ ချောင်းအနီးရှိ တောဆင်ရိုင်း၏ နင်းခြင်းကြောင်း သေဆုံးသွားကြောင်း သိရသည်။ ယင်း တောဆင်ရိုင်းသည် မုန်ဝင်နေခြင်းဖြစ်ပြီး အနီးအနားမှ ထွက်ခွာသွားခြင်းမရှိဘဲ လူများအား ရန်မူလျက်ရှိကြောင်း သိရသည်။
အောင်တင်၊ ငွေဆောင်(ပြန်/ဆက်)