ဘားအံ       မေ     ၆

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ဘားအံတက္ကသိုလ်တွင် နည်းပြ/သရုပ်ပြ ဆရာ ဆရာမများ သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး ဘားအံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေး၊ ဘားအံတက္ကသိုလ်၊ ဝိဇ္ဇာဘာသာရပ်၊ ပါမောက္ခ/ဌာနမှူးနှင့် ဘားအံတက္ကသိုလ်၊ သိပ္ပံဘာသာရပ်၊ ပါမောက္ခ/ဌာနမှူးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမသစ်လွင်များအား တစ်ဦးချင်း ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့သည်။ ကရင်ပြည်နယ်၊ ဘားအံတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ရန် မေ ၅ ရက်က အသစ်ခန့်ထားခဲ့သည့် နည်းပြ/သရုပ်ပြ ၃၁ ဦးအတွက် ငွေကျပ် ၁၅၅၀၀၀၀ ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)