ရန်ကုန် မေ ၆
ရန်ကုန်အဝေးသင်တက္ကသိုလ် နည်းပြ၊ သရုပ်ပြ ဆရာဆရာအသစ်များအား ကြိုဆိုပွဲအခမ်းအနားကို မေ ၆ ရက် မွန်းလွဲပိုင်းက ရန်ကုန်အဝေးသင်တက္ကသိုလ် အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ချစ်စိန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသည့် ဒေါက်တာနုနုရီ၊ ဒေါက်တာသန်းသန်းဆင့်၊ ဒေါက်တာသက်ဝါကျော်မြင့် နှင့် ဓာတုဗေဒဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာယုယုမျိုး၊ စိတ်ပညာဌာန ပါမောက္ခ(ဌာနမှူး) ဒေါက်တာ တင်မာချိုတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ယင်းနောက် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြဆရာဆရာမများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံရေးရာဌာနမှူးများနှင့် မိတ်ဆက်ပေးသည်။
အဆိုပါ ကြိုဆိုပွဲအခမ်းအနားသို့ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ စီမံရေးရာဌာနမှူးများနှင့် နည်းပြ၊ သရုပ်ပြ ဆရာ ဆရာမ ၂၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်