ရေနံချောင်း မေ ၆
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းတက္ကသိုလ်၌ နည်ပြ/သရုပ်ပြ ဆရာ ဆရာမအသစ်များအား ကြိုဆိုပွဲ အခမ်းအနားကို မေ ၆ ရက် နံနက်ပိုင်းက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ပြုလုပ်ရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ် ဒေါက်တာယဉ်ယဉ်အေးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ သင်ကြားရေးဌာနများမှ ပါမောက္ခ(ဌာနမှူး)များနှင့် သင်တန်းရေးရာဌာနမှူး၊ စီမံဘဏ္ဍာဌာနမှူးများက ဌာနအလိုက် လုပ်ငန်းတာဝန်များကို အကျဉ်းချုပ် မိတ်ဆက်ရှင်းလင်းခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)