ညောင်တုန်း မေ ၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကယ်ဆယ်ရေးရန်ပုံငွေနှင့် ပစ္စည်းများကို မေ ၆ ရက်က မြို့နယ်အတွင်း လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများထံ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ထိပ်ဝကြီးကျေးရွာအုပ်စုနှင့် မြမ္မာပြာသာကျေးရွာအုပ်စုတို့ရှိ လေဘေးကြောင့် ပြိုကျနေအိမ် အလုံး ၅၀၊ အမိုးလန်နေအိမ် ၈၇ လုံး စုစုပေါင်း နေအိမ် ၁၃၇ လုံးရှိ အိမ်ထောင်စု ၁၃၇ စုမှ လူဦးရေ ၅၈၄ ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိူးပါ ပုံး ၅၀ (တန်ဖိုးငွေကျပ် ၂၃၀၁၈၀ဝ)၊ ဆန်ရိက္ခာ ခုနစ်ရက်စာ ငွေကျပ် ၁၂၂၆၄၀ဝ နှင့် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၇၆၁၀၀၀ဝ စုစုပေါင်းရန်ပုံငွေကျပ် ၈၈၃၆၄၀ဝ အား မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ လေဘေးသင့်ပြည်သူများ လက်ဝယ်‌အရောက် ကွင်းဆင်းထောက်ပံ့ပေးခဲ့‌ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)