မိုးညှင်း မေ ၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မိုးရာသီစိုက်ပျိုးရာ၌ မြေဆီလွှာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် သရုပ်ပြကြဲပက ်စိုက်ပျိုးပွဲကို မေ ၇ ရက် နံနက်ပိုင်းက ရွာသစ်ကုန်းကျေးရွာရှိ တောင်သူ ဦးခင်မောင်ဝင်း၏ လယ်မြေတွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
ကွင်းဆင်းဆောင်ရွက်ရာ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီလွင်က တောင်သူတစ်ဦးအား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ကို လယ် ငါးဧကအတွက် တစ်တင်းခွဲ ထောက်ပံ့ပေးအပ်ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို တောင်သူ ဦးခင်မောင်ဝင်း၏ ကွင်းအမှတ်(၃၂၁)၊ ဦးပိုင်အမှတ်(၉)၊ လယ်မြေ ငါးဧကတွင် တစ်ဧကလျှင် လေးပြည်နှုန်းဖြင့် ပြည် ၂၀ ကို စုပေါင်းကြဲပက် စိုက်ပျိုးခဲ့ကြသည်။
ဇွဲသူရအောင်(ပြန်/ဆက်)