သုံးခွ မေ ၈
မေ ၈ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့၊ အမှတ်(၉)ရပ်ကွက်၊ မြို့မကျောင်းလမ်းနေ ဦးသိန်းဝင်း (မြို့နယ်ကြက်ခြေနီအသင်းဝင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ရာသက်ပန်အဖွဲ့ဝင်၊ နိုင်ငံတော်မှချီးမြှင့်သော လူမှုထူးချွန် (တတိယ၊ ဒုတိယ)အဆင့်၊ တပ်ဖွဲ့ဝင်ဂုဏ်ထူးဆောင်၊ အမှုဆောင်ဂုဏ်ထူးဆောင်၊ အထူးဂုဏ်ထူးဆောင်၊ ခန္ဓာကိုယ်နှင့် မျက်ကြည်လွှာအလှူရှင်) သည် အရေးပေါ်သွေးသွင်းကုသရန် လိုအပ်သူများ အသုံးပြုနိုင်ရန် ဗဟိုအမျိုးသားသွေးဌာန(ရန်ကုန်)၌ မေ ၈ ရက် နံနက် ၉ နာရီခွဲက (၁၀၈)ကြိမ်မြောက် ဇီဝိတဒါန သွေးလှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကျော်ဆန်း