မင်းဘူး မေ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် စားသုံးဆီဖူလုံစေရေးအတွက် နွေနှမ်း ဧက ၂၀၀၀၀ ကျော် စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူက ပြောသည်။
နွေနှမ်း စိုက်ပျိုးရာတွင် ဆည်ရေနှင့် မြစ်ရေတင် စီမံကိန်းများမှ ရေပေးဝေခဲ့ခြင်းဖြစ်ပြီး အိုင်းမဆည်မှ ၁၆၇၀၀ ဧက၊ ကမ်းနီမြစ်ရေတင် စီမံကိန်းမှ ဧက ၄၅၀၊ ကျောက်စံ လျှပ်စစ်ရေတင်စီမံကိန်းမှ ဧက ၄၀၀၊ မြေအောက်ရေ တူးဖော်ပေးဝေရေးမှ ၈၂၁ ဧက စုစုပေါင်း ၂၀၂၇၄ ဧက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
နွေနှမ်းစိုက်ပျိုးမှုများ လျာထားချက်ပြည့်မီရေး၊ မျိုးကောင်းမျိုးသန့် ဖြစ်စေရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်စေရေး၊ သွင်းအားစု အလုံအလောက် ရရှိရေးတို့အပြင် ပိုးမွှားရောဂါ ကာကွယ်ရေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက စိုက်ခင်းထဲအရောက် ကွင်းဆင်၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးဇော်မင်းသူထံမှ သိရသည်။
ဇေယျာထက်(မင်းဘူး)