နေပြည်တော်  မေ ၈ 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန် - မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် (၈၇/၆) ရှိ ရဲနွယ်(မြို့ချောင်း) အမြဲတမ်းပျိုးဥယျာဉ်သို့ သွားရောက်စစ်ဆေးသည်။ 

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း သစ်တောဝင်းရှိ မြန်မာ့သစ်လုပ်ငန်းရုံးချုပ်သို့ရောက်ရှိပြီး မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြား ရေးမှူး၊ ဦးစောဂျွန်ရွှေဘက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်အောင် စေတနာထား၍ စွမ်းအားပြည့် ဆောင်ရွက်ရန်၊ တန်ဖိုးမြှင့် သစ်ကုန်ချောထုတ်ကုန်များ (Value-added Products) ကို တိုးမြှင့်ထုတ်လုပ်၍ နိုင်ငံတော်ဝင်ငွေ တိုးပွားရရှိအောင် စီမံချက်ချဆောင်ရွက်ရန်၊ ဘဏ္ဍာရေးနှစ်အလိုက် လျာထားရငွေများကို ပြည့်မီအောင်ဆောင်ရွက်ရန်၊ ဆောင်ရွက်ရာတွင် ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ အလေးထားဆောင်ရွက်ရန်၊ ဝင်ငွေရရှိရေး ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး ဖြစ်စေသော (Reduced Impact Logging – RIL) စနစ်ကို အသုံးပြုဆောင်ရွက်ရန်၊ ဆင်ထိန်းသိမ်းရေး အခြေပြုခရီးသွားလုပ်ငန်း တိုးချဲ့ဆောင်ရွက်ရန်၊ ထုတ်ပြန်ထားသောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အလေးထားဆောင်ရွက်ရန် မှာကြားသည်။

mdn

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ သစ်အခြေခံစက်မှု လုပ်ငန်းဌာန၊ အမှတ် (၁၀) ပရိဘောဂစက်ရုံသို့ သွားရောက်စစ်ဆေးပြီး သစ်အခြေခံ အရည်အသွေးမြင့် ပရိဘောဂထုတ်လုပ်ရန် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ရန်၊ အရည်အသွေးမြင့် ပရိဘောဂများ ထုတ်လုပ်ရောင်းချမှုကို  လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန် မှာကြား၍ စက်ရုံကုန်ထုတ်လုပ်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် သင်္ကန်းကျွန်းမြို့နယ်ရှိ အမှတ် (၄) ပရိဘောဂ စက်ရုံသို့ရောက်ရှိပြီး သစ်အခြေခံ အရည်အသွေးမြင့် ပရိဘောဂများ ထုတ်လုပ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်