ယခုနှစ်ဘောလုံးရာသီမှာ ပရီမီယာလိဂ်ဖလားရရှိဖို့ မျှော်လင့်ထားတဲ့ လီဗာပူးအသင်းဟာ မေ ၇ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပါးအသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာ ကြောင့် သရေတစ်မှတ်သာ ရရှိခဲ့တာဖြစ်ပါတယ်။
လီဗာပူးအသင်းနဲ့ စပါးအသင်းတို့ပွဲစဉ်မှာ ပထမပိုင်း ပွဲကစားချိန်အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်း နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ ဧည့်သည်အဖြစ်လာရောက်ကစားခဲ့တဲ့ စပါးအသင်းဟာ ပွဲကစားချိန် ၅၆ မိနစ်မှာ တိုက်စစ်မှူး ဆွန်ဟောင်မင်ရဲ့ သွင်းဂိုးကို ရရှိခဲ့ပြီး လီဗာပူးအသင်းက ၇၄ မိနစ်ရောက်မှသာ လူးဝစ်ဒိုင်ယက်ဇ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုးပြန်လည်ရရှိခဲ့တာကြောင့် သရေရလဒ်ထွက်ပေါ်ခဲ့တာ ဖြစ်ပါ တယ်။ “အခုပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင် ဟာ ၂၀၁၂-၂၀၁၃ ဘောလုံး ရာသီနောက်ပိုင်း ပင်နယ်တီသွင်းဂိုးမပါဘဲ စပါးအသင်းအတွက် ပရီမီယာလိဂ်သွင်းဂိုး ၂၀ ကျော် သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
လီဗာပူးအသင်းဟာ လက်ရှိပရီမီယာလိဂ်ပွဲစဉ်(၃၅) ပွဲကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၈၃ မှတ် ရရှိ ထားပြီး မန်စီးတီးအသင်းကတော့ ပွဲစဉ်(၃၄)ကစားပြီးချိန်မှာ ရမှတ်စုစုပေါင်း ၈၃ မှတ်ရရှိထားတာ လည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ မန်စီးတီးအသင်းက တစ်ပွဲလျော့ကစားထားပြီး လီဗာပူးအသင်းနဲ့ ရမှတ်တူအနေအထားမှာ ရောက်ရှိနေတာကြောင့် ပရီမီယာလိဂ်ဖလားရရှိမယ့်အခွင့်အရေး ပိုမိုရှိနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
ငွေကြယ်