နေပြည်တော် မေ ၉

 

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးကြည်သိန်း၊ ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကိုတို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၇/၂၀၂၁ (ရန်ကုန်)ကို ကြားဖြတ်အမိန့်ချမှတ်ပြီး တရားမအထူးအယူခံမှုအမှတ် ၅၀/၂၀၂၀ (ပဲခူး)၊ ၁/ ၂၀၂၁ (ရန်ကုန်)၊ ၂/၂၀၂၁ (စစ်ကိုင်း)၊ ၈/၂၀၂၁ (ရန်ကုန်)၊ ၉/၂၀၂၁ (ဧရာဝတီ)၊ ၁၀/၂၀၂၁ (ဧရာဝတီ)၊ ၁၁/၂၀၂၁ (မန္တလေး)၊ ၁၃/၂၀၂၁ (ဧရာဝတီ)နှင့် ၂၇/၂၀၂၁ (ရှမ်း) စုစုပေါင်း တရားမအထူးအယူခံမှု (၉)မှုတို့ကို စီရင်ချက်ချမှတ်သည်။

 

ထို့ပြင် တရားမ အထူးအယူခံမှုအမှတ် ၁၉/၂၀၂၀ (ရှမ်း)၊ ၃၃/၂၀၂၁ (မကွေး)၊ ၃၄/၂၀၂၁ (မကွေး)၊ ၁/၂၀၂၂ (ဧရာဝတီ) နှင့် ၅/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမအထူးအယူခံမှု (၅)မှု တို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်