နေပြည်တော်   မေ    ၉

 

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ဂျပန်နိုင်ငံ JICA ချေးငွေဖြင့် ဆောင်ရွက်သည့် သံတွဲ - ဂွ - ငါးသိုင်းချောင်းလမ်း ( ငါးသိုင်းချောင်း (ရေနံ့သာ) - ဂွလမ်းပိုင်း) အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့အား တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လမ်းဘေးဝဲယာ လမ်းနယ်နိမိတ် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်ရန်၊ ခရီးသွားယာဉ်များ ဘေးကင်းလုံခြုံမှုအတွက် တောင်တက်အကွေ့ မြေထိန်းနံရံ ဆောင်ရွက်ထားသည့် နေရာများတွင် လမ်းညွှန်အမှတ်အသားများ တပ်ဆင်ရန် မှာကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေသောင်ယံ - မကျီးဇင် - ကျောက်ချွန် - ဂွ လမ်းပိုင်း လမ်းတစ်လျှောက်နှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ကြက်သွန်ကွင်း - သဲဖြူ - မကျီးဇင် လမ်းပိုင်းတစ်လျှောက် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

 

mdn

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တံတားအထူးအဖွဲ့ (၈) မှ တာဝန်ယူတည်ဆောက်နေသည့် ဂွချောင်းတံတားစီမံကိန်း ရှင်းလင်းဆောင်သို့ ရောက်ရှိကြပြီး ဒုတိယဝန်ကြီးက လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ အရည်အသွေး စံချိန်စံညွှန်း ပြည့်မီရေး၊ လက်ရာသေသပ် ကောင်းမွန်ရေးနှင့် သတ်မှတ်ချိန် ပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ရန် မှာကြားသည်။

 

ညနေပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဂွ - သံတွဲ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

သတင်းစဉ်