ရန်ကုန် မေ ၁၀
(၃၁) ကြိမ်မြောက် ဆီးဂိမ်းဘောလုံး အမျိုးသား၊ အမျိုးသမီး အုပ်စုပွဲစဉ်များကို မေ ၉ ရက်က ဆက်လက်ကျင်းပရာ အမျိုးသားပြိုင်ပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယား၊ အမျိုးသမီးပြိုင်ပွဲတွင် ဖိလစ်ပိုင် အသင်းတို့ ဂိုးပြတ်နိုင်ပွဲများရရှိခဲ့သည်။
အမျိုးသမီးပြိုင်ပွဲကို မေ ၉ ရက်မှ စတင်ကျင်းပခြင်းဖြစ်ပြီး ဖိလစ်ပိုင်အသင်းက ကမ္ဘောဒီးယားကို ငါးဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ အုပ်စု (က) တွင် သုံးသင်းသာပါဝင်သဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည့် ဖိလစ်ပိုင်အသင်းသည် ဆီမီးဖိုင်နယ်တက်ရန် အခြေအနေကောင်းသွားခဲ့သည်။ ဖိလစ်ပိုင်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများ ဆက်တိုက်ရရှိခဲ့သဖြင့် ဂိုးပြတ် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကမ္ဘောဒီးယားအသင်းသည် ပွဲဦးထွက်ပွဲအဖြစ် လာအိုအသင်းနှင့် ယှဉ်ပြိုင်ကစားရာ လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ကမ္ဘောဒီးယားအသင်းသည် ခြေအသာဖြင့် ကစားကာ ဂိုးပြတ်အနိုင်ယူခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် စင်ကာပူအသင်းကို ငါးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ယူပြီး နိုင်ပွဲစတင်ရရှိခဲ့သည်။ ထိုင်းအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာ သွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ဂိုးများဆက်တိုက်ရရှိခဲ့သဖြင့် ဂိုးပြတ်နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ထိုင်းအသင်းသည် ပထမပွဲတွင် မလေးရှားကို မထင်မှတ်ဘဲ အရေးနိမ့်ထားပြီး ယခုပွဲမှ နိုင်ပွဲပြန်လည် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
သတင်း-ရဲရင့်လွင်
ဓာတ်ပုံ- Cambodia 2022 Facebook