ချောက် မေ ၁၀

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင် ကျေးရွာတစ်ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စုစုပေါင်းငွေကျပ်သိန်း ၃၀၀ ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) အား ကျေးရွာ ရွာ၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

အဆိုပါ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ ရွာမှာ ပေပင်ကုန်း၊ ချောင်းတက်၊ တောင်သာ(တ)၊ ဥယျာဉ်(န)၊ စမ်းစု၊ ဝသဲစမ်း၊ တောင်ဘလူ၊ ဇီးချိုပင်၊ သဘွတ်ကုန်း၊ လက်ပံကျွန်းရွာသစ်၊ သပြေပင်၊ ဆူးတပ်၊ လင်းတကိုင်းကျေးရွာများဖြစ်ပြီး ယင်းကျေးရွာများတွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာတစ်ရွာ၏ လိုအပ်ချက်နှင့် အခွင့်အလမ်းများအပေါ် အခြေခံရေးဆွဲထားသည့် လုပ်ငန်းများ၊ ကျေးရွာ ပြည်သူလူထု ကိုယ်တိုင်ကျေးရွာ၏ ပကတိလိုအပ်ချက်များ ဖော်ထုတ်ပြီး ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးအစီအစဉ်များကို စနစ်တကျစုပေါင်းပြီး ကဏ္ဍပေါင်းစုံပါဝင်သည့် ဖွံ့ဖြိုးရေးအစီအစဉ်တစ်ရပ် ဖြစ်ပေါ်လာစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ပြောသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP) ဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် စီမံခန့်ခွဲမှု ကော်မတီဝင်များဝင်များနှင့်အတူ ကျေးရွာများ ရွေးချယ်ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဆက်လက်၍ ကျေးရွာစီမံကိန်းကော်မတီများ ဖွဲ့စည်းခြင်း၊ သင်တန်းပေးခြင်း၊ စီမံချက်များရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းများ သတ်မှတ်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ချောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မေသက်နိုင်က ဆက်လက်ပြောပြ၍ သိရသည်။

 

စိုးမိုးကျော်