လှိုင်းဘွဲ  မေ   ၁၁

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာတွင် (၄၂)ကြိမ်မြောက် ကရင်စာပေနှင့်ယဉ်ကျေးမှု သင်တန်း ဆင်းပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကွမ်ဘီဘုန်းကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

 

အဆိုပါသင်တန်းဆင်းပွဲတွင် ကွမ်ဘီကျောင်းတိုက်ဆရာတော် အရှင်ဝရသာမိနှင့် ကွမ်ဘီကျေးရွာ ရပ်မိရပ်ဖများက အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး ဆုရရှိသော သင်တန်းသား သင်တန်းသူများအား ဆုများပေးအပ် ချီးမြှင့်ခဲ့ကြပါသည်။ အဆိုပါသင်တန်းတွင် အခြေခံကရင်စာပေ သူငယ်တန်းအဆင့်တွင် (၁၅၃)ဦး၊ ပထမတန်းအဆင့်တွင် (၄၀) ၊ ဒုတိယတန်းအဆင့်တွင် (၆)ဦးနှင့် တတိယတန်းအဆင့်တွင် (၇)ဦး စုစုပေါင်းသင်တန်းသား/သူ (၂၀၆)ဦး တက်ရောက်သင်ကြားခဲ့ကြပါသည်။

 

ထို့နောက် ကရင်ရိုးရာဒုံးယိမ်းအကများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

 

စောဖိုးခွါး(ပြန်/ဆက်)