ဖူသို မေ ၁၁
ဗီယက်နမ်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု ဒုတိယပွဲစဉ်တွင် မြန်မာ ယူ-၂၃အသင်းသည် ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ၂ဂိုးဖြင့် အနိုင်ရရှိပြီးနောက် ရမှတ် ၆ မှတ်ဖြင့် ပြိုင်ပွဲ၏ အုပ်စု(က)ကို ဦးဆောင်လျက်ရှိသည်။
အုပ်စု တတိယပွဲစဉ်ကို မေ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသည် အိမ်ရှင် ဗီယက်နမ်အသင်းဖြင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး “ဆီမီးဖိုင်နယ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ဖို့အတွက် ထပ်ကြိုးစား သွားမှာပါ” ဟု မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ နည်းပြချုပ် ဗယ်လီဇာပိုပေါ့ဗ်ကလည်း ပြောကြားထားသည်။ (ဓာတ်ပုံများ-အရှေ့တီမောအသင်းနှင့် ဖိလစ်ပိုင်အသင်းတို့အား အနိုင်ရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်းသားများအား တွေ့ရစဉ်။)
MDN, Photo-VNA