နေပြည်တော် မေ ၁၁

 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်း အဖွဲ့သည် မေ ၉ ရက်  ည ၁၀ နာရီ ၄၅ မိနစ်တွင် ကလောမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ လူနေထိုင်ခြင်းမရှိသည့် တဲအဟောင်းတွင် သန်းအောင် (ခ) လပုတေး ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း ၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ကျဖကျေးရွာအနီးတွင် ကျလော မောင်းနှင်လာသည့် TOYOTA SPORT အမျိုးအစားမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၀၀၀ ၊ ပုလင်းများဖြင့်ထည့်ထားသည့် အနံ့ ဆေးရည် ၂၀ လီတာ၊ ဆေးပြားရိုက်သည့်မိုချောင်း ၁၀၀ ၊ ဆေးပြားရိုက်သည့်မိုခေါင်းအ ခု ၅၀ တို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်း ရပ်ကွက်(ခ)၊ ပုံလို့မြို့ပတ်လမ်းရှိ အိုက်ကျော်(ခ)ဟတ်ပါ၏ ရေဆေးခုံသို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိရဘဲ အိုက်ဆန်၊ အိုက်ကျိုင်း၊ လီတော့နှင့် အားဒို့ တို့ကို ဘိန်းစိမ်း ၁ ဒသမ ၅ ကီလို၊ ပုလင်းများဖြင့် ထည့်ထားသည့်အနံ့ဆေးရည် ၆ ဒသမ ၅ လီတာ၊ W တံဆိပ်တုံး ၁ ခု၊ Y တံဆိပ်တုံး ၃ ခု၊ W 570 Y တံဆိပ်တုံး ၁ ခု၊ CANTER အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ မော်တော်ဆိုင်ကယ်တစ်စီးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

 

မေ ၁၀ ရက် နံနက်  ၁၀ နာရီတွင်  မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ နောင်ယန်းကျေးရွာနေ စိုင်းအိုက်ယုံ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ၁,၈၀၁ ပြား သိမ်းဆည်းရမိခဲ့သဖြင့်  ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)