ရန်ကုန်၊ မေ ၁၃

 

ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်သည် ယနေ့ နံနက် ၇ နာရီတွင် ရန်ကုန်မြို့မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ထွက်ခွာကြသည်။

 

မြန်မာအားကစားအဖွဲ့အား  အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့ စတုတ္ထအသုတ်တွင် လက်ဝှေ့အားကစားနည်းမှ အမျိုးသား(၇)ဦး၊ အမျိုးသမီး (၄)ဦး၊ သေနတ်ပစ်အားကစားနည်းမှ အမျိုးသား(၈)ဦး၊ အမျိုးသမီး(၅)ဦး၊ တိုက်ကွမ်ဒို အားကစားနည်းမှ အမျိုးသား(၁၀)ဦး၊ အမျိုးသမီး(၆)ဦး၊ ကနူး/ကယက် လှေလှော်အားကစားနည်းမှ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး(၅)ဦးနှင့် အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများလိုက်ပါသွားကြောင်း သိရသည်။

 

ဆက်လက်၍ မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်သည် မေ ၁၆ ရက်တွင်လည်းကောင်း၊ ဆဌမအသုတ်သည် မေ ၂၀ ရက်တွင်လည်းကောင်း၊ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့သို့ သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်