ပန်းတနော်၊ မေ ၁၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများမှလှူဒါန်းသော ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ပဲ၊ ဆေး ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီခွဲက ပန်းတနော်မြို့ အလယ်ပိုင်းရပ်ကွက်ရှိ ပြည်လုံးချမ်းသာသာသနာ့ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်တော်များ ဆပ်ကပ်လှူဒါန်းရာတွင် ပန်းတနော်မြို့နယ်အတွင်းရှိ ကျောင်းတိုက် (၃၇၆) တိုက်မှ သံဃာအပါး (၁၉၉၄)ပါးနှင့် သီလရှင်အပါး (၁၁၄)ပါးအား ဆွမ်းဆန် (၃၅၁.၃၃)အိတ်၊ ဆီ (၁၀၅၄) ပိဿာ၊ ပဲ(၁၀၅၄)ပိဿာ၊ ဆား(၅၂၇) ပိဿာတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်ကျောင်းများသို့ လိုက်လံဆက်ကပ်လှူဒါန်းခဲ့ပြီး ကျေးရွာအုပ်စုများရှိ ကျောင်းတိုက်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များမှ မေလ ၁၅ ရက်နေ့တွင် လိုက်လံဆက်ကပ် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ဆက်)