နေပြည်တော်၊ မေ ၁၄
စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ကဆုန်ညောင်ရေသွန်းလောင်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မဟာဗောဓိညောင်ပင်တည်ရှိသည့် ထီးသုံးလက်တောင်ကုန်း၌ ကျင်းပသည်။
အခမ်းအနားသို့ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်းမှ ဆရာတော် သံဃာတော် (၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေး မှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ သီရိဂန္တမာသပြေအေး မိုးကုတ်ဝိပဿနာဓမ္မရိပ်သာကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိသတ်များက ရှစ်ပါးသီလခံယူ ဆောက် တည်ကြကာ သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များကို ရွတ်ပွားသရဇ္ဇျယ် ချီးမြှင့်တော်မူကြသည်။
ယင်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု တို့က ဆရာတော်သံဃာတော်များထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး အမှူးပြုသော ဧည့်ပရိတ်သတ်များက သီရိဂန္ဓမာ သပြေအေး မိုးကုတ် ဝိပဿနာဓမ္မရိပ်သာကျောင်း ပဓာနနာယကဆရာတော် ဘဒ္ဒန္တဂန္ဓမာလာထံမှ ကဆုန်ညောင်ရေသွန်း လောင်းပွဲ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေး ဝေကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုတို့က ဗောဓိညောင်ပင်အား ကဆုန်ညောင်ရေသွန်းလောင်းကြသည်။
(သတင်းစဉ်)