နေပြည်တော်    မေ    ၁၄

 

ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ၁၂ လ ရာသီပွဲတော်တွင်   တစ်ခုအပါအဝင်ဖြစ်သည့်   မြန်မာသက္ကရာဇ်   ၁၃၈၄ ခုနှစ် ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဖြစ်သော ယနေ့ကျရောက်သည့်  ကဆုန်ညောင်ရေသွန်း ပွဲတော်တွင်  နေပြည်တော်  ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး    ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ     မဟာဗောဓိ ညောင်ပင်တော်များအား (၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေ   သွန်းလောင်းပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို   ယနေ့ ညနေပိုင်း၌   ကျင်းပရာ  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အမှူးပြုသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်း လောင်းပူဇော်ကြသည်။

 

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင် နှင့်အတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ     ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး        စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊    ကောင်စီအဖွဲ့ဝင်    ဇနီးများ၊ အတွင်းရေးမှူး နှင့်ဇနီး၊  တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊  ပြည်ထောင်စု တရားသူကြီးချုပ်၊     နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဇနီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား    လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်  တိုင်းမှူးနှင့် ဇနီးနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ  တက်ရောက်ကြသည်။

 

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်များနှင့် ဇနီးများ၊ အခမ်းအနား တက်ရောက်လာကြသူ များသည်    ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပရိဝုဏ်တော်အတွင်းရှိ  မဟာဗောဓိ ညောင်ပင်များအား ညောင်ရေ သွန်လောင်းပူဇော်ရန် နေရာယူကြရာ အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို  ရွတ်ဖတ်ပူဇော်၍   သာဓုသုံးကြိမ်ခေါ်ဆိုပြီး သတ်မှတ်ထားသည့်နေရာများ အလိုက် မဟာဗောဓိညောင်ပင် များအား ညောင်ရေသွန်းလောင်းပူဇော်ပြီး အမွှေး နံ့သာရည်များ  ပက်ဖျန်းပူဇော်ကြကာ မဟာဗောဓိညောင်ပင် များကို လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။

 

ထို့ပြင် ဇေယျာသီရိမြို့နယ် လောကချမ်းသာဆုတောင်းပြည့်အသင်းဘုရား ကြီးရှိ မဟာဗောဓိညောင်ပင်များ ကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြု၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊   ကာကွယ်ရေးဦးစီးချုပ်(လေ)နှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊  မိသားစုများက ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ကြသည်။

 

ကဆုန်လပြည့်နေ့သည်   ဒီပင်္ကရာ မြတ်စွာဘုရားက ဂေါတမဘုရား အလောင်းတော် သုမေဓာရှင်ရသေ့အား “ဘဒ္ဒကမ္ဘာတွင်  ဘုရားအဖြစ်ကိုရလိမ့်မည်”  ဟု ဗျာဒိတ်တော်စကား မိန့်ကြားတော်မူသောနေ့၊  ဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်သောနေ့၊ သဗ္ဗညု ဘုရားရှင်အဖြစ်သို့ ရောက်တော်မူသော နေ့၊    ပရိနိဗ္ဗာန်စံတော်မူသောနေ့များ ဖြစ်သဖြင့်  “ဗျာဒိတ်ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟု  မှတ်တမ်းပြုကြပြီး ကဆုန်လပြည့်(ဗုဒ္ဓနေ့)ဟူ၍     ဗုဒ္ဓ ဘာသာဝင်များက နေ့ထူးနေ့မြတ်အဖြစ် အထွတ်အမြတ်ထား၍  ကျင်းပ ပူဇော်လေ့ရှိကြသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ ဂေါတမမြတ်စွာဘုရားသာလျှင်မကဘဲ သဗ္ဗညု မြတ်စွာဘုရားရှင်တို့၏ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော် မူသောနေ့၊ ပရိနိဗ္ဗာန်ပြုသောနေ့များမှာ လည်း ကဆုန်လပြည့်နေ့ပင်ဖြစ်၍ ကဆုန်လပြည့်နေ့ကို “ဗုဒ္ဓနေ့” ဟု သတ်မှတ် ခြင်းဖြစ်ကြောင်း၊  ကဆုန်ညောင်ရေသွန်း ပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ    ဘာသာရေးဆိုင်ရာ ပွဲတော်တစ်ခုဖြစ်သည့်အပြင်    မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်အဖြစ် ကျင်းပပြုလုပ်သည့် ပွဲတော်ဖြစ်ကြောင်းနှင့် ကဆုန်လပြည့်နေ့ မတိုင်မီ တစ်ရက်အလိုတွင် ညောင်ရေသွန်းလောင်းကြမည့် ညောင်ပင်များကို အမွှေးနံ့သာရည်များ ပက်ဖျန်း ပေးခြင်း၊ မဟာဗောဓိပင်ပလ္လင်တော်အား ကြည်ညိုစဖွယ် ဖြစ်အောင်ပြင်ဆင်ခြင်း စသည့် ကုသိုလ်ယူဖွယ်များကို ပြုလုပ်လေ့ရှိကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်