ဓနုဖြူ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ``ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့´´ အသိပညာပေး မြေစိုက် ပိုစတာ စိုက်ထူခြင်းကို ယမန်နေ့၊ နံနက်က နာရီစင်အနီး မဟာဗန္ဓုလလမ်းမကြီးတွင် စိုက်ထူခဲ့သည်။

အဆိုပါအသိပညာပေး မြေစိုက်ပိုစတာစိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအေးကိုတင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ချိုဦး၊ အဖွဲ့ဝင်(၂) ဦးစိန်မောင်ဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လဝက၊ မြို့နယ်ပညာ ရေးမှူး၊ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ ကြသည်။

ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၂ ခုနှစ်၊ မေ (၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ် ထားကြောင်း သိရသည်။

အေးအေးအောင်(ပြန်/ဆက်)