ကျိုက်မရော  မေ ၂၀

ကျိုက်မရောမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုဗုဒ္ဓဘာသာအသင်း မှ ကြီးမှူးကျင်းပသော နွေရာသီ မွန်စာပေနှင့် ယဉ်ကျေးမှု ဗုဒ္ဓဘာသာစာမေးပွဲကို မေ ၁၉ ရက် မွန်းလွဲပိုင်းက ကျိုက်မရောမြို့ ဆုတောင်းပြည့်ဘုရားကြီးရှိ သာသနာဗိမ္မာန်တော်၌ ပြုလုပ်ခဲ့သည်။

ကျိုက်မရောမြို့နယ်တွင် မွန်စာပေနှင့်ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းကို  မတ်လ ၂၁ ရက်မှမေလ ၁၅ရက် ထိ သင်ကြားပို့ချပေးခဲ့ပြီး မေ ၁၈ရက်နေ့တွင်တိုက်နယ်အဆင့်၊ မေလ၁၉ ရက်နေ့တွင် မြို့နယ်အဆင့်စာမေးပွဲကိုကျင်းပပေးခြင်းဖြစ်ကာ ဆုပေးပွဲကိုမေလကုန်တွင်ပြုလုပ်ပေးသွားမည် ကြောင်းသိရသည်။

နွေရာသီမွန်စာပေနှင့်ယဥ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းကိုဆရာ၊ဆရာမ၊(၂၂၅)ဦးဖြင့်သင်ကြားပေးခဲ့ရာမွန် ကျောင်းသား ကျောင်း သူ(၁၁၅၂)ဦးတို့ဝင်ရောက်ဖြေဆိုခဲ့ ကြောင်းသိရသည်။

အဆိုပါမွန်စာပေနှင့်ယဉ်ကျေးမှုကို မွန်လူမျိုးတို့၏ စာပေ၊စကား ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်း အစဉ်အလာ များမပျောက်ပျက် အောင်ထိန်းသိမ်းစောင့်ရှောက် ပေးလိုသည့်ရည်ရွယ်ချက်ဖြင့် နှစ်စဥ်နှစ်တိုင်း နွေရာသီမွန်စာပေ သင်တန်းများကိုကျိုက်မရောရှိ  မွန်လူမျိုးအများဆုံး နေထိုင်ရာကျေးရွာများ၌ ဖွင့်လှစ်သင့်ကြားပေးလျက်ရှိကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)