ကျောက်တော် မေ ၂၁
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက မေ ၂၀ ရက်က တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ရာတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသူရိန်ထွန်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့သည် မီးရထားဘူတာ တိုက်ပွဲရှောင်စခန်းနှင့် သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ရာ မီးရထားဘူတာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၂၂၂ စုမှ လူဦးရေ ၈၀၀ တို့အတွက် ဆန်ရိက္ခာတစ်လစာဆန်အိတ် ၂၅၀ အိတ်အားလည်းကောင်း၊ မဟာမြတ်မုနိဓမ္မာရုံ တိုက်ပွဲ ရှောင်စခန်းမှ အိမ်ထောင်စု ၄၃၂ စုမှ လူဦးရေ ၁၇၉၉ ဦးတို့အတွက် တစ်လစာအတွက် ဆန်အိတ် ၅၆၂ အိတ် တို့ကို သက်ဆိုင်ရာစခန်းတာဝန်ခံများနှင့် တိုက်ပွဲရှောင်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ခင်မောင်ထွန်း(ပြန်/ဆက်)