နေပြည်တော်၊ မေ ၂၂

 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ကြီးပွားရေးရပ်ကွက်၊ ပုညနိမ္မိတာ ရာမရွှေသုဝဏ် ကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒစရိယ ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တသဒ္ဓိယ မဟာထေရ်မြတ်ကြီးသည် ၂၀၂၂ ခုနှစ်၊ မေ ၂၁ ရက် (စနေနေ့) နံနက် ၁ နာရီ ၄၀ မိနစ်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။

 

ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ပုညနိမ္မိတာရာမ ရွှေသုဝဏ် ကျောင်းတိုက်၌ ပူဇော်ထားလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အဖွဲ့ဝင်များနှင့်အတူ သွားရောက်ဖူးမြော် ကြည်ညိုကြပြီး အလှူငွေများပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများ က လက်ခံရယူကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဉက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အဖွဲ့ဝင်များသည် အန္တိမ အဂ္ဂိဈာပန ကျင်းပရေး ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ပြုလုပ်မည့် အခြေအနေများအားလျှောက်ထား ဆွေးနွေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်