ကျောက်ဆည်၊ မေ ၂၃

           

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများအား ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်(၉)နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပြီးသူ (၁၅၂၆၉၁)ဦး၊ ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ (၁၁၄၃၅)ဦး၊ စုစုပေါင်း(၁၆၄၁၂၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရှိရသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံရာတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးပြီးသူ အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူ (၈၁၃၉)ဦး နှင့်အသက်(၁၅)နှစ်နှင့် အသက်(၁၈)နှစ်အတွင်း သာမဏေနှင့် သီလရှင်(၃၃)ဦး အသက်(၁၈)နှစ်အထက်ပြည်သူ ပထမအသုတ်တွင်(၉၃၃၃)ဦး၊ ဒုတိယအသုတ်တွင် (၁၄၀၉၄)ဦး၊ တတိယအသုတ်တွင်(၂၅၂၄၄)ဦး၊ စတုတ္ထ အသုတ်တွင်(၁၃၆၇၉)ဦး၊ ပဉ္စမအသုတ်တွင်(၁၇၁၀၈)ဦး၊ ဆဌမအသုတ်တွင် (၅၇၃၀)ဦး၊ သတ္တမအသုတ်တွင်(၇၉၄၉)ဦး၊ အဌမအသုတ်တွင်(၃၀၄၈)ဦး၊ နဝမအသုတ်တွင် (၄၄၈၀၉)ဦး၊ ဒဿမ အသုတ်တွင်(၃၅၂၅)ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေးထိုးပြီးသူ(၁၁၄၃၅)ဦး စုစုပေါင်း (၁၆၄၁၂၆)ဦး ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။

 

ကျောက်ဆည်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရန် အဆင်ပြေစေရေးအတွက် ရက်ကွက်/ကျေးရွာများတွင် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး စုကြီးထန်းတောရပ်ကွက်၊ မြို့တော်ခန်းမနှင့် စမာ၊ မင်းစု၊ သံရွာ၊ ဖျောက်ဆိပ်ပင်၊ ရဲရွာ စသည့် ပြည်သူ့ကျန်းမာရေးဌာနခွဲများတွင် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း  သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)