ဆင်ပေါင်ဝဲ မေ ၂၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးသည် ယမန်နေ့က ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီဌာန(ဆည်မြောင်း) ဦးစီးအရာရှိနှင့်အတူ ချောင်းကောက်ကျေးရွာ အုပ်စု၊ ချောင်းကောက်ကျေးရွာရှိ ဖန်ခါးပင်ဆည် ရေထိန်းတံခါး ပြိုကျပျက်စီးနေမှု အခြေအနေများအား မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌမှ ပြိုကျပျက်စီးနေသော အဆိုပါ ရေထိန်းတံခါးအား ပြန်လည်ပြုပြင်နိုင်ရေးအတွက် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီဌာန (ဆည်မြောင်း)မှ တာဝန်ရှိသူများနှင့် ညှိနှိုင်းခဲ့ပြီး လုပ်ငန်းအား အမြန်ဆုံးအကောင်းအထည် ဖော်နိုင်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)