ထားဝယ် မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ပြည်သူ့ဆေးရုံဝင်းအတွင်း သန့်ရှင်းလှပစေရေးအတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ဌာနဆိုင်ရာများစုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ များက လမ်းဘေးဝဲယာရှိ အမှိုက်သရိုက်များ၊ မြက်ပင်များရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထစ်ရှင်းလင်းခြင်း၊ ဆေးရုံလူနာအဆောင်အဦအား သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းနှင့် အမှိုက်များ သယ်ယူစွန့်ပစ်ပေးခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ရွှေပင်လယ်(ထားဝယ်)