ညောင်လေးပင် မေ ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ညောင်လေးပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ခရိုင်မြို့ အဖြစ် စံကိုက်မြှင့်တင်နိုင်ရေး လိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ညောင်လေးပင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက် ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဇီးကုန်းလေးစံပြကျေးရွာ၊ တောင်သူဒေါ်တင်နု၏ ထိုင်းနှံကောက်စပါး ရိတ်သိမ်းချွေလှေ့နေမှုကိုလည်းကောင်း၊ ထိန်တပင်ကျေးရွာသို့ ရောက်ရှိခဲ့ပြီး စီးပွားဖြစ်ဒေသကြက် မွေးမြူရေးခြံ(၂၁)ခြံ၌ ဒေသကြက်ကောင်ရေ(၈၁၀ဝ) မွေးမြူနေမှုကို လည်းကောင်း ကြည့်ရှုအားပေးပြီးထိန်တပင်ကျေးလက်ကျန်းမာရေးဦးစီးဌာနကို ကြည့်ရှုစစ်ဆေး ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဒိုက်ဦးမြို့နယ်၊ ပေါက်တပင်ကျေးရွာ၌ တစ်ကွင်း တစ်ဆက်တည်း မြေဧရိယာဧက(၅၀)မြေဆီလွှာ ဖွံ့ဖြိုးတိုးတက်စေရေး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကြဲပက် သရုပ်ပြသမှုကို ကြည့်ရှုအားပေးပြီး သဘာဝမြေသဩဇာဖြစ်သည့် ပိုက်ဆံလျှော် မျိုးစေ့များတောင်သူတိုင်း စိုက်ပျိုးနိုင်ရေးမျိုးစေ့များ ဖြန့်ဝေပေးရန်နှင့် စဉ်ဆက်မပြတ် မျိုးပြန်လည်ရရှိရေး အသိပညာပေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအားမှာ ကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)