မိုးညှင်း မေ ၂၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ မိုင်းနောင်ကျေးရွာတွင် ငွေကျပ် သိန်း ၆၀၀ ကျော်ဖြင့် ကိုယ့်အားကိုယ်ကိုး နံနက်ခင်းဈေးသစ်ကို မေလတွင် တည်ဆောက်ပြီးစီးခဲ့ကာ ကျေးရွာ ပြည်သူများ အေးချမ်းစွာ ဈေးရောင်းဈေးဝယ် စည်ကားလျက်ရှိသည်။
ဈေးသစ်ကြီးကို သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်းဖြင့် မတ်လမှ စတင်တည်ဆောက်ခဲ့ကာ မေလတွင် တည်ဆောက် ပြီးစီးခဲ့ပြီး ဈေးဆိုင်ခန်း ၂၄၀ ပါရှိကြောင်း ဈေးကော်မတီအဖွဲ့ နာယကဦးစိုးမြင့်ထံမှ သိရသည်။ ဆိုင်ခန်း တစ်ခန်းလျှင် ကိုးပေ ပတ်လည် အကျယ်ရှိပြီး ဈေးအဆောင် တစ်ဆောင်လျှင် အခန်း ၂၀ ကျောချင်းကပ်၍ ဈေးအဆောင် ၁၄ ဆောင်ရှိသည်။ ဆိုင်ခန်းတစ်ခန်းလျှင် ငွေကျပ် နှစ်သိန်းခွဲနှုန်းစီ မဲစနစ်ဖြင့် ရောင်းချပေးလျက်ရှိပြီး ကုန်စိမ်း၊ အထည်အလိပ်ဆိုင်များ၊ အသားစိမ်း ငါးစိမ်းဆိုင်များနှင့် ခေါက်ဆွဲဆိုင်များ စနစ်တကျ ရောင်းချလျက်ရှိကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)