နေပြည်တော် မေ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာ သက်သက်ခိုင်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဗိုလ်ချုပ်နိုင်နိုင်ဦးတို့သည် ယမန်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ ဆင်းရွှေလီဘိုးဘွားရိပ်သာသို့ ရောက်ရှိကြပြီး ဘိုးဘွားများကို ဦးခိုက်ကန်တော့ကာ ဘိုးဘွား များအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ငွေများ၊ အလှူရှင်စေတနာရှင်များမှ ထောက်ပံ့ငွေများကို ပေးအပ် လှူဒါန်းခဲ့ကြရာဆင်းရွှေလီ ဘိုးဘွားရိပ်သာစောင့်ရှောက်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဆောင်သော တာဝန်ရှိသူများက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းမှူးနှင့်အဖွဲ့သည် ဆင်းရွှေလီဘိုးဘွားရိပ်သာရှိ ဘိုးဘွားများကို တစ်ဦးချင်းရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်း ကျောင်းတိုက်သို့ ရောက်ရှိကြပြီး ကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မ ဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒအား ဦးခိုက်ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းမှူးတို့သည် ဆရာတော်ထံမှ ဩဝါဒခံယူကာ ကျောင်းတိုက် အတွင်းရှိ သီရိရတနာ ဆွမ်းစားကျောင်းဆောင်တွင် ဆရာတော်အမှူးပြုသော စာသင်စာချရဟန်း သံဃာများ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြပြီး ကျောင်းတိုက်ရှိ သီရိသုခဆောင်တွင် ကိန်းဝပ်စံပယ်နေသော ဓာတ်တော် မွေတော်များနှင့် မဟာဗုဒ္ဓဝင်ပြတိုက်တို့သို့ ရောက်ရှိဖူးမျှော်ကြည်ညိုကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်ရှိ စာသင်စာချရဟန်း သံဃာများအတွက် နေ့ဆွမ်း ဘောဇဉ်လှူဒါန်းငွေများကို ကျောင်းတိုက် ဦးစီးပဓါန နာယက ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာကမ္မဌာနစရိယ ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒထံ ဆက်ကပ်လှူဒါန်း သည်။
ယင်းနောက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်သော လူမှုဝန်ထမ်း ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့် စပ်လျဉ်းသည့် လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားကို တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က လူမှုရေးပင်စင်ထောက်ပံ့ခြင်း အစီအစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ လူမှုရေးပင်စင် ကိန်းဂဏန်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မေ ၂၅၊ ၂၇၊ ၃၀ နှင့် ဇွန် ၁ရက်တို့တွင် (၂)ကြိမ်ခွဲ၍ သင်တန်းသား/ သင်တန်းသူ(၁၀၀)ဖြင့် ဖွင့်လှစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)