လက်ပံတန်း ​ မေ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ယနေ့ မေ ၂၆ ရက်မှ ဇွန် ၁ ရက်အထိ အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာ ကျောင်းအလိုက် ဆောင်ရွက်လျက်ရှိရာ အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည်တို့အပြင် သူငယ်တန်းမှ ပဉ္စမတန်းအထိ ကျောင်းဝတ်စုံ (၁)စုံတို့ကို နိုင်ငံတော်မှ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

 

လက်ပံတန်းမြို့နယ်တွင် အ.ထ.က (၁၂)ကျောင်း၊ အ.ထ.က-ခွဲ (၈)ကျောင်း၊ အ.လ.က (၁၀)ကျောင်း၊ အ.လ.က-ခွဲ (၁၀)ကျောင်း၊ မူ/လွန် (၁၂)ကျောင်း၊ အ.မ.က (၁၆၀)ကျောင်းနှင့် အ.မ.က-ခွဲ (၁)ကျောင်း စုစုပေါင်း (၂၀၇)ကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)