မံစီ မေ ၂၆ 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၉ နာရီက စတင်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မံစီမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ( ၆ ) ကျောင်းနှင့် အခြားအဆင့်အခြေခံပညာကျောင်းများအပါအဝင် စုစုပေါင်း စာသင်ကျောင်း(၆၇)ကျောင်း ဖွင့်လှစ်သွားမည်ဖြစ်ရာ ကျောင်းအပ်နှံရေးသီတင်းပတ်သည် မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက် နေ့ အထိ ဖြစ်ပြီး ဇွန်လ ၂ ရက်နေ့တွင် ကျောင်းများကိုစတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ကျောင်းသားကျောင်း သူများအားလုံးကို နိုင်ငံတော်မှ ပုံနှိပ်စာအုပ်များကို အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး မူလတန်းကျောင်းသား ကျောင်းသူများကို ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုပါ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)