နေပြည်တော်       မေ      ၂၇

 

နေပြည်တော်၊ ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စား စက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မေ ၂၆ ရက် ညနေပိုင်းက ဒက္ခိဏသီရိမြို့နယ် စက်မှုဇုန်ရှိ PPEC Construction CO., LTD တွင် ကျင်းခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက “ဒက္ခိဏသီရိ  အသေးစားနှင့် အလတ်စား စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းထားရှိပြီး ဖြစ်ကြောင်း၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ကော်မတီဝင်များအနေဖြင့် စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးစားဆောင်ရွက်စေလို ကြောင်း၊  စက်မှုဇုန်အတွင်း မြေနေရာချထားမှုများနှင့်  စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း” ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာကြသည့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက စက်မှုဇုန် အတွင်း ရင်းနှီးမြှုပ်နှံမှုပြုရန် မြေကွက်လျှောက်ထားမှုများ၊ မြေနေရာချထားခွင့်ပြုနိုင်ရေး ကိစ္စရပ်များ၊ စက်မှုဇုန် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သန့်ရှင်းသာယာလှပရေး ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ဆွေးနွေးတင်ပြကြရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးသည်။

 

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက ဒက္ခိဏသီရီ စက်မှုဇုန်အတွင်းရှိ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် မြန်မာ့စိမ်းတက်အောင်ကုမ္ပဏီမှ PPC ရေပိုက်ထုတ်လုပ်မှုလုပ်ငန်းနှင့် နယူးဧရာ စပါးအခြောက်ခံစက်ရုံမှ လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ စက်ရုံတာဝန်ခံ များမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

 

အောင်ကိုကို(ပြန်/ဆက်)