မြောက်ဦး     မေ    ၂၇

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့  ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ မေ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ  အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာ အတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ ဆရာမတို့က ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံလျက်ရှိပြီး ပြဋ္ဌာန်း စာအုပ်များနှင့် ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များကို အခမဲ့ထုတ်ပေးလျက်ရှိသည်။

 

မြောက်ဦးမြို့နယ်တွင် မူလတန်း ၇၅ ကျောင်း၊ မူလွန် ၆၆ ကျောင်း၊ အမကခွဲ ၂၂ ကျောင်း၊ အလယ်တန်း ၁၄ ကျောင်း၊ အလကခွဲ ၃၆ ကျောင်း၊  အထက်တန်း ၁၁ ကျောင်းနှင့် အထကခွဲ ၂၁ ကျောင်း စုစုပေါင်း အခြေခံပညာ ၂၄၅ ကျောင်းတို့တွင် မေ ၂၆ ရက်မှ ဇွန် ရက်အထိ ကျောင်းအပ်လက်ခံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးထံမှ သိရသည်။

 

မြင့်စိုး(ပြန်/ဆက်)