ကျောက်ပန်းတောင်း မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနက်မှ ကျောင်းအချို့တွင် ဖျက်သိမ်းရန်လိုအပ်ပြီး၊ ဖျက်သိမ်းခွင့်ရရှိသည့် အန္တရာယ်ရှိကျောင်းဆောင်များအား လေလံတင်ပွဲကို၊မေလ (၂၇)ရက်နေ့ နံနက်(၁၀)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း စာသင်ဆောင်တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
၎င်းကျောင်းဆောင်များကို လေလံဝယ်ယူခွင့်ကို၊(၁၉-၅-၂၀၂၂)ရက်နေ့မှစတင်၍(၂၅-၅-၂၀၂၂)ရက်နေ့ အထိကြေညာ ထားရှိခဲ့ပြီးအဆိုပါ လေလံတင် ရောင်းချခြင်းများကို လေလံတင်ရောင်းချရေးကော်မတီနှင့် ကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်လမ်းဦးစီးဌာန၊ စည်ပင်သာယာ ရေး အဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဒုတိယ မြို့နယ်ပညာရေးမှူးများပါဝင်သည့်အဖွဲ့ဝင်များဖြင့်အဆင့် ဆင့် ဖွဲ့စည်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျက်သိမ်းရန်လိုအပ်ပြီး၊ ဖျက်သိမ်းခွင့်ရရှိသည့် အန္တရာယ်ရှိ ကျောင်းဆောင်များမှာ လေးရွာ အ.ထ.က မှ အလျား ၁၂၀ပေ၊ အနံပေ ၃၀ ရှိ အုပ်ညှပ်တစ်ထပ်(ခရေဆောင်)၊ တာဝါးကျေးရွာ အ.လ.ကမှ အလျားပေ ၆၀×အနံပေ၃၀ ရှိ အုပ်ညှပ်တစ်ထပ်(သဇင် ဆောင်)၊ သင်ပေါင်းကျေးရွာ အ.မ.က မှ အလျားပေ၆၀× အနံပေ၂၀ ရှိ အုပ်ညှပ်တစ်ထပ်(ပင်မဆောင်)နှင့် ခေါင်းရဲကျေးရွာ အ.မ.က မှအလျား ၅၄ပေ×အနံ၂၄ပေရှိ အုပ်ညှပ်တစ်ထပ် (အဆောင်-၁)ကျောင်းဆောင်များ ဖြစ်ကြောင်း သိရပြီး၊လေလံစနစ် ကို အိပ်ဖွင့်လေလံစနစ်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလေလံပွဲသို့ သက်ဆိုင်ရာ ကော်မတီဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ကျောင်းအုပ်ကြီးများ၊ ကျောင်းအကျိုး တော်ဆောင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူးများဖြစ်သည့် ဦးထွန်းအောင်ကျော်နှင့် ဦးစိုးသင်း၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းရှင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)